ချမ်းမြသာစည် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန(၆)နေရာ ထားရှိကာ ယနေ့ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား/သူ (၂၀၉၁ ) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၆) ဦး၊ ဖြေဆိုကျောင်းသား/သူ (၂၀၅၅) ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၈.၂၈ ရာခိုင်နှုန်း ဖြစ်သည်။ ပထဝီဘာသာရပ်တွင် စာရင်းရှိကျောင်းသား/သူ (၄၅) ဦး၊ ဖြေဆိုကျောင်းသား/သူ (၄၅) ဦးဖြစ်ပြီး ရာခိုင်နှုန်းပြည့်ဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇံဖြု၊အဖွဲ့ဝင်(၂) ဦးတင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့