ရေဇွာ ဒီဇင်ဘာ ၁၄
ချင်းပြည်နယ်၊ ရေဇွာမြို့တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ်(၂)ခု ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းများ၊ ခရီးသွားရာဇဝင်များ မေးမြန်းပြီး မှတ်သားခြင်း များကို နေ့စဉ်ရွက်လျက်ရှိရာ အဆိုပါဂိတ်များတွင် ပိုမိုတင်းကျပ်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့က ယနေ့နံနက် ၁၁ နာရီ အချိန်က သွားရောက် စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
ရေဇွာမြိုကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဌမြို့အုပ်ချုပ်ရေးမှူး ဦးထင်လင်းကဦးဆောင်ပြီး မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လူအဝင်/ အထွက်များသည့် ဟားခါး- ဂန့်ဂေါဂိတ်နှင့် မတူပီဘက်မှ မြို့ဝင်ဂိတ်များကိုသွား ရောက်စစ်ဆေးခဲ့ကြပြီး အဆိုပါဂိတ်များကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြသည်။ ရေဇွာမြို့တွင်းသို့ဝင်ရောက်ဖြတ်သန်းသွားလာကြမည့်ခရီးသွား ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များနှင့် သက်ဆိုင်ရာ ဌာနအသီးသီး၏ ထောက်ခံချက် ပါရှိမှသာမြို့ ထဲသို့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ လက်ရှိရောဂါဖြစ်ပွားလျက်ရှိသော မြို့များနှင့်ပြည်ပမှပြန်လည်ရောက်ရှိ လာသူများကို မတူပီမြို့တွင် Facility Quarantineထားရှိရန်အတွက် ရေဇွာမြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့က မတူပီမြို့သို့ပို့ ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)