မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကျင်းပ

မြစ်သား  ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက မြို့မအနောက်အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် စည်းကမ်းရှိသည့်‌  ကျောင်းသားလူငယ်များဖြစ်လာ‌စေရန်အတွက် ပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်ဝါဝါမြင့်က  မူးယစ်ဆေးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲရောဂါများ၊ မူးယစ်ဆေးဝါးအမျိုးမျိုးသုံးစွဲခြင်းကို ရှောင်ကျဉ်ရမည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)