တီးတိန် ဒီဇင်ဘာ ၁၄
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲကပြုလုပ်သည်။
ရှေးဦးစွာ ပြန်းကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က ဘေးအန္တရာယ် ်စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ချက် များကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးဇော်လင်းထွေးက ဘေးအန္တရာယ်ဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပါ အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးချက်များကို တီးတိန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန IPRD Tedim နှင့် ပြည်သူ့စာကြည့်တိုက် Page များတွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)