မိုင်းရှူး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ္ဋ်ကမိုင်းရှူး မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ အတည် ပြုလူနာ(၂)ဦး ရှိလာပြီ ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည့် ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရန်၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအနေဖြင့် ဂိတ်တာဝန်ကျသည့်နေ့များတွင ်ဂရုပြု ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း က ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၂)ဦး၏ ကျန်းမာရေးအခြေအနေ များကောင်းမွန် လျက်ရှိကြောင်း၊ မိုင်းရှူးမြို့၌ ပထမဆုံး ကိုဗစ်-၁၉ရောဂါ အတည်ပြုရဲဝန်ထမ်း၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်၍ ၎င်းအား သီးသန့်အဆောင်တွင် တစ်ပတ် ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တက်ရောက်ခဲ့ကြသော ကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း နှင့် အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန် ထားသော ညွှန်ကြား ချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)