ခိုင်ကမ်း ဒီဇင်ဘာ ၁၅
ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးဦးလှမျိုးက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် မြို့အတွင်း ထားရှိသော Quarantine Center နှင့်ပတ်သက်၍ လိုအပ်ချက်များ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် ပြည်တော်ပြန်များ၊ ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်ရေးနှင့် အခြားလိုအပ်ချက်များဆွေးနွေးခဲ့ သည်။
ထို့နောက်တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် Volunteer များမှ ထပ်မံလိုအပ်မည့် Quarantine Center နှင့် စင်တာအတွက် လိုအပ်သည့် လိုအပ်ချက်များ တင်ပြခဲ့ကြသည်။ အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)