နမ့်ဆန် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ဦးဆောင်၍ ယနေ့နံနက်(၈)နရီက မြို့ပေါ်(၃)ရပ်ကွက်နှင့် ဇယန်းကြီးကျေးရွာအုပ်စုအတွင်းတွင် Mask Campaign ပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ရှိလာပြီးနောက်ပိုင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက အရေးပေါ်တုံ့ပြန်မှုများကို ဆောင်ရွက်လျက်ရှိပြီး ယခုတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်စပြုနေပြီဖြစ်၍ နောက်ထပ် ကူးစက်မှုများမရှိလာ စေရေးအတွက် ပြည်သူများတို့က စည်းကမ်းလိုက်နာမှုများ ရှိလာစေရန်၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ပြီးမှ သွားလာကြရန် နှိုးဆော်သည့်အနေဖြင့် Mask Campaign ကိုပြုလုပ်တာ ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့်အစီအစဉ်တွင် နမ့်ဆန်မြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ဇယန်းကြီးကျေးရွာ အုပ်စုအတွင်းရှိ နေအိမ်များသို့ အိမ်တိုင်ရာရောက် Mask နှင့် Face Shield ကို အခမဲ့လိုက်လံဖြန့်ဝေပေး၍ စုစုပေါင်း Mask အခုပေါင်း(၄၀၀)နှင့် Face Shield အခုပေါင်း(၄၀၀)တို့ကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးထံမှ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ဦးဆောင်၍ Mask Campaign ပြုလုပ်သည့်အစီအစဉ်ကို တစ်ပတ်လျှင်(၂)ကြိမ်ဖြင့် ပြုလုပ်သွားမည်ဟုလည်း သိရသည်။
ယနေ့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)