ပြင်ဉီးလွင် ဒီဇင်ဘာ ၁၅
နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေး စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၈၇) ကို (Online Learning System) ဖြင့် ယမန်နေ့နံနက် (၈) နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာရေးဌာနမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှ သင်တန်းဖွင့် အမှာစကားပြောကြားကာ ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အနေဖြင့် ၂၀၂၀ - ၂၀၂၁ လေ့ကျင့်ရေးနှစ်အတွင်း ဒုတိယအကြိမ် (Online Learning System) ဖြင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ICT နည်းပညာများကို အသုံးပြု၍ နိုင်ငံ့ဝန်ထမ်း အရာထမ်းငယ်များကို သင်တန်းပို့ချပေးခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၃၃) ခုမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်း ငယ် သင်တန်းသား၊ သင်တန်းသူ (၁၁၃) ဉီးအား တန်းခွဲ (၂) ခု ခွဲ၍ သင်တန်းကာလ ရက်သတ္တပတ် (၄) ပတ်ကြာ ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက် အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)