ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၉)ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၁၅

တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ()နာရီအချိန်က နေရပ်ပြန်ပြည်သူ (၁၉) ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၉)ဦးတို့မှာ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး()ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှ()ဦး၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှ()ဦး၊ ငါန်းဇွန်မြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ()ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ()ဦး၊ ကြံခင်းမြို့နယ်မှ()ဦး၊ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မန်တုံမြို့နယ်မှ()ဦးနှင့် ကွမ်းလုံမြို့နယ်မှ()ဦးတို့ ဖြစ်သည်။

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၉)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊  ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ()ဦးအား  ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး Quarantine Center သို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ(၁၆)ဦးတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ထားရှိ၍ ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swabများ ရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)