ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းသို့ စက်သုံးဆီဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

မန္တလေး ဒီဇင်ဘာ ၁၅

ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းသို့ စက်သုံးဆီဝယ်ယူရန်အတွက် အလှူငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊၂၃/Gလမ်း၊ နဘဲကြူးရပ်ရှိ၊ စောခင်ဌေး ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သည်။

ထိုသို့လှူဒါန်းခြင်းကို စောခင်ဌေး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အရှင်သူမြတ်မှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ဓာတ်ပေါင်းစုလူမှုကူညီရေးအသင်းသို့ မော်တော်ယာဉ်စက်သုံးဆီ ဂါလံ(၅၀)ဝယ်ယူ အသုံးပြုနိုင်ရန်အတွက် အလှူငွေ၁၅၀၀၀၀ကျပ်ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးကျော်တင့် မှ လက်ခံရယူပြီး ဆရာတော်အားဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)