လေးမျက်နှာ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လှည်းထောက်ကွင်း ကျေးရွာအုပ်စု၊ လှည်းထောက်ကွင်းကျေးရွာ စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းရာတွင် လေးမျက်နှာမြို့နယ်လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်နှင့်ကော်မတီ လုပ်ငန်း တာဝန်များကို ရှင်းလင်းပြေကြားသည်။
ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်များက ကျေးရွာပြည်သူများ၏ ဆန္ဒဖြင့် ကော်မတီဝင်(၇)ဦးကို ရွေးချယ် ဖွဲ့စည်းခဲ့သည်။
အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အရင်းမပျောက်ချေးငွေဖြစ်ပြီး ကျပ်သိန်း(၃၀၀) မတည် ထုတ်ချေးပေးမည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)