ဖျာပုံ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စည်းကမ်းလိုက်နာစေရန်၊ မြို့နယ်ကိုဗစ်ကော်မတီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက သတ်မှတ် စည်ကမ်းများထုတ်ပြန် ထားသော်လည်း ပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့်ဒီဇင်ဘာလ (၁၁)ရက်နေ့မှ စတင်၍ စစ်ဆေးရေးဂိတ် (၇) ခုနှင့် မိုဘိုင်းလှည့်လည်စိစစ်ရေးအဖွဲ့(၃)ဖွဲ့ဖြင့် သတ်မှတ်နေများတွင် ယမန်နေ့နံနက် (၆)နာရီမှ ည(၁၀) နာရီ အတွင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုကဲ့သိုဆောင်ရွက်ရာတွင် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခရီးသွားလာရာတွင် သက်ဆိုင်ရာက. ထုတ်ပေးထားသည့် စျေးဝယ်ခွင့်ကဒ်၊ ပြင်ပဝင်ထွက်သွားလာခွင့်ကတ်ပြားများ တစ်ပါတည်း ပါရှိရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးလက်ဒေသမှ ခရီးသွားပြည်သူများသည် ခွင့်ပြုကဒ်ပြားများ အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါ ယူဆောင်လာရမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် Mask မဖြစ်မနေတပ်ဆင်သွားလာရမည်ဖြစ်သည်။
ထိုအပြင် ဖျာပုံမြို့အတွင်းရှိ ခွင့်ပြုထားသည့် စျေးဆိုင်များ အနေဖြင့်မွန်းလွဲ ၂ နာရီတွင်တိကျစွာ ပိတ်သိမ်းရမည်ဖြစ်ပြီး။ အထက်ဖေါ်ပြပါ စည်ကမ်းချက်များအား လိုက်နာမှု မရှိပါက မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြို့နယ်ကိုဗစ်ကော်မတီတို့က ထုတ်ပြန်ထား သော စည်ကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)