ဘိုကလေး ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မြို့နယ်အတွင်း၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ဆွေးနွေးဖြေလျှော့ ထိန်းသိမ်း နိုင်ရေးအတွက် ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ဖြေလျှော့ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။
အဆိုပါ အဖွဲ့များဖွဲ့စည်းနိုင်ရေးအတွက် ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဒီဇင်ဘာ(၁၁)ရက်နေ့၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးပို့ညွှန်ကြားထားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ ကိုယ်တိုင်ဦးဆောင်၍ ဖြေလျှော့ရေးအဖွဲ့များတွင် စာရေးဝန်ထမ်း၊ အပိုင်နယ်ထိန်း၊ ကျန်းမာရေး ဝန်ထမ်း၊ မြေစာရင်း ဝန်ထမ်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ လူမှုရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ဖွဲ့စည်းတာဝန်ပေးအပ် ထားရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)