ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ​မြို့မစျေးအတွင်း လိုက်လံ အသိပညာပေး စစ်ဆေး

ပန်းတနော်  ဒီဇင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ မြို့မစျေးနှင့် ယာယီပျံကျ စျေးတို့တွင် ယနေ့နံနက် နာရီက လိုက်လံအသိပညာပေး စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပန်းတနော်မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် စျေးရောင်း၊ ဈေးဝယ်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊စျေး​​ဝယ်ယူခွင့်လက်မှတ်များ စစ်‌​ဆေးခြင်းနှင့် ဈေးရောင်းချသူများ၊ ဈေးဝယ် သူများ နှာခေါင်းစည်း (mask)တပ်ဆင်၍ရောင်းချ ဝယ်ယူစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပန်းတနော်)