မယ်စဲ့ ဒီဇင်ဘာ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ မယ်စဲ့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အတွက် လက်ကိုင် အသံချဲ့စက် ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ပြည်သူများ အလွယ်တကူ သိရှိလိုက်နာရမည့် အချက်များ၊ ဥပဒေများ၊ ညွှန်ကြားချက်များအား ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ကြရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းတို့ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဦးမျိုးမင်းသန့်နှင့် ဦးဇော်မြင့်ဦးတို့က ကျေးရွာများအရောက် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)