တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြည့်ရှုစစ်ဆေး

 

တန့်ယန်း  ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးအန္တရာယ်လုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာစျေးအတွင်း ယနေ့ နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးအန္တရာယ် လုံခြုံရေးတို့အတွက် မြို့နယ် စည်ပင်သာယာစျေးအတွင်း၌ ဆောင်ရွက်ထားရှိမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ခင်မောင်မြင့်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက တာဝန်ရှိဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးအတွက် မီးသတ်ရေကန်နှင့် မီးသတ်ပိုက်ခေါင်းများ စီစဉ်နေရာ ချထားမှု၊ အရေးပေါ်မီးသတ်ဆေးဘူးများ ပြည့်စုံမှု ရှိမရှိ၊ မီးငြိမ်းသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်နိုင်ရေး အဝင်အတွက်လမ်းများ ဆောင်ရွက်ထားမှု၊ လျှပ်စစ်မီးသုံးစွဲမှုတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ် ချက်များအား စျေးတာဝန်ခံ ဦးစောနိုင်နှင့် တာဝန်ရှိသူများအား သိရှိလိုက်နာနိုင်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  

မင်းလွင်ဦး(ပြန်/ဆက်)