မိုင်းလုံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆုတောင်းပြည့် ဘုန်းတော်ကြီး ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (၇၄)ကြိမ်မြောက် ဆွမ်း၊ သင်္ကန်းနှင့် ငွေပဒေသာပင် စုစုပေါင်း ကျပ် (၂၆၄၀၀၀၀/-) တန်ဖိုးရှိ ကထိန်လှူဒါန်းပွဲကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းရာတွင် ဆုတောင်းပြည့်ကျောင်း အပါအဝင် ပင့်ကျောင်း (၁၈)ကျောင်းမှ ကျောင်းထိုင် ဆရာတော်ကြီးများ၊ ရဟန်းသံဃာ(၃၂)ပါး၊ သာမဏေ(၄၄)ပါး၊ သီလရှင်(၂)ပါး တို့ကို ငါးပါးသီလခံယူကာ ရှိခိုးကန်တော့ကြပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်း သိရသည်။
ကထိန် သင်္ကန်းများနှင့်လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်း အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(မိုင်းလုံပြန်/ဆက်)