လယ်ဝေး ဒီဇင်ဘာ ၁၅
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေး မြို့နယ်အတွင်း ဆောင်ရွက် မည့် ကျပ်သန်း(၁၀၀)အထက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက် စစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပသည်။
ရှေးဦးစွာ မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က နည်းပညာ အဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးသည့်အခါ ကုမ္ပဏီများ၏ နည်းပညာ ဆိုင်ရာ စံချိန်စံညွှန်း၊ ကုမ္ပဏီ အချက် အလက်များ၊ ငွေကြေးဆိုင်ရာ အချက် အလက်၊ နည်းပညာ ဆိုင်ရာတင်ပြမှုများ စသည့်အချက်အလက်များကို ကြည့်ရှု စစ်ဆေး၍ ရမှတ် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်းပြည့်မီသည့် ကုန်ကြမ်း ပစ္စည်းများကို အသုံးပြုပြီးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် မြို့နယ်တင်ဒါ ကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေတို့က တင်ဒါလုပ်ငန်းများဖွင့် ဖောက်စစ်ဆေး ခြင်း ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောခဲ့သည်။ ထို့နောက် တင်ဒါစိစစ်ရေးနှင့် လက်ခံရေး ကော်မတီက နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးရာ ရမှတ်အောင်မြင် သည့် ကုမ္ပဏီများက ငွေကြေးအဆိုပြုလွှာ စာအိတ်(B)တွင် ဆက်လက် ပါဝင်ယှဉ်ပြိုင် သွားရမည် ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)