ညောင်ရွှေမြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်

ညောင်ရွှေ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီ ဖွဲ့စည်းသည့် အစည်အဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း က အမှာစကားပြောကြားပြီး မြို့ နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်နီနီဝင်း က မြို့နယ်ကြက်ခြေနီအသင်း၏ ဆောင်ရွက်ချက်များ၊ ရှေ့ ဆက်ဆောင်ရွက်မည့် စီမံချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တွဲဖက်အတွင်းရေးမှူး ဒေါ်သဲသဲလေး က အမှုဆောင်ကော်မတီဖွဲ့စည်းပုံများကို ရှင်းလင်းတင်ပြပြီး အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်မှုများ ဆောင်ရွက်ခဲ့ကြ သည်။

၎င်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး က မြို့နယ်ကြက်ခြေနီအသင်းအတွက် အလှူငွေပေးအပ် လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။ အဆိုပါ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့မိ/မြို့ဖများပါဝင်သော ကော်မတီဝင်ပုဂ္ဂိုလ် (၁၅)ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ