အင်္ဂပူ ဒီဇင်ဘာ ၁၅
အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလုပ်ငန်းလိုင်စင်ထုတ်ပေးထားသောမဲဇလီကုန်းမြို့အတွင်းရှိထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီဆောင် ရွက်ထားခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှလုပ်ငန်းလိုင်စင်ထုတ်ပေးထားသော ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက် ရည်ဆိုင်များစုစုပေါင်း (၆၃)ဆိုင်ရှိပြီး ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချနိုင်ရန် (A)အဆင့်သတ် မှတ်ချက်နှင့် ကိုက်ညီသော ဆိုင်များကိုသာ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)