ကလောမြို့နယ်၌ ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦးသေ ၂ ဦး ဒဏ်ရာရ

ကလော  ဒီဇင်ဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ‌အောင်ပန်း-ပင်လောင်း လမ်းခွဲအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့  ညနေပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်းသွားလမ်းခွဲ Lucky-7 ဆီဆိုင်အနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ  ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ပင်ထုံကျေးရွာနေသူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က အောင်ပန်းဘက်မှ ပင်လောင်းဘက်သို့ မောင်းနှင်လာစဉ်  မိုင်တိုင်အမှတ် (၇၆/) နှင့် (၇၆/) ကြား အရောက် ပင်လောင်းလမ်းခွဲဘက်သို့ ချိုးကွေ့စဉ်  ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား  အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ တစ်ဦးမှာ  ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်ပြီး ဦးစားပေး လမ်းမှ ယာဉ်အား စောင့်ဆိုင်းခြင်းမရှိဘဲ ချိုးကွေ့မောင်းနှင်သူအား ကလောမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)