သာပေါင်း ဒီဇင်ဘာ ၁၅
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်နံနက် ၇ နာရီ အချိန်ခန့် မှစတင်၍ ပြည်သူအများ သွားလာစည်ကားရာ လမ်းဆုံလမ်းမကြီးများ၊ ဈေးနှင့် မြို့၀င်/ မြို့ထွက် ဂိတ်များတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့မှ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများ စည်းကမ်းလိုက်နာမှု မရှိပါက ယခု၀ယ်/ယခုတပ်စနစ်ဖြင့် နေ့စဉ်စီစစ်ကြပ်မတ် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၀င်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၀င်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုး၊ စားသုံးသူရေးရာ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်တို့က နှာခေါင်းစည်းမတ် တပ်ဆင်လာခြင်း မရှိသူများအား ယခု၀ယ်/ ယခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း၊ပြန်/ဆက်)