ပင်လောင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်မျာအား ထောက်ပံ့ကြေးပေးအပ်

ပင်လောင်း    ဒီဇင်ဘာ    ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား လူမူဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထောက်ပံ့ကြေးပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၉ စုမှ ထောက်ပံ့ကြေး လာရောက် ထုတ်ယူရန် ကျန်ရှိနေသော ကိုယ်ဝန်ဆောင်မိခင် ၁၀၆ ဦး အတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း ၂,၆၁၀,၀၀၀ ကျပ် တိတိအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ယူနီဆက်မှ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် ကလေးကစားစရာ ပစ္စည်းအိတ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ ဝန်ထမ်းများ၏ အသက်သုံးနှစ်မှ ငါးနှစ် အတွင်းရှိ ကလေးငယ်များအတွက် ကစားစရာပစ္စည်း ၆၅ စုံကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)