ဆီဆိုင် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ သည် လျှပ်စစ်ဓာတ်အား သုံးစွဲသော ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ပြည့် ဝဝ သုံးစွဲနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးတို့အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အဖွဲ့များခွဲပြီး ဆီဆိုင် မြို့နယ်အတွင်းရှိ ပြည်သူများ ဓာတ်အားသုံးစွဲရန် ပို့လွှတ်လျက်ရှိသည့် 33 kv နှင့် 11 kv လိုင်းကြိုးများ တစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)