ဖလမ်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ်

ဖလမ်း  ဒီဇင်ဘာ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး ဒုတိယဦးစီးမှူး ဦးဟရန်အဲရ်က ဦးဆောင် ဆွေးနွေးကာ ဖလမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေ့မောင်းထန်၊ ဖလမ်းမြို့နယ် သစ်တောဦးစီးဌာန တာဝန်ခံ ဦးကိုကိုမောင်၊ ဖလမ်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှခင်တို့က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသီးသီး ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးမှု ဗီဒီယိုအပြည့်အစုံကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Facebook Page ဖြစ်သည့် IPRD Falam နှင့် ဖလမ်းခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page များတွင် ပြည်သူများ အလွယ်တကူ လေ့လာကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဂျွန်