ကြံခင်း ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များမှ စာရေးဆရာချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကြံခင်းမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ဦးလှိုင်ဝင်းက စာရေးဆရာချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်မှ ကဏ္ဍအလိုက် ရေးသားဖော်ပြထားပုံ၊ အသိပညာပေးထားမှုအား ဆွေးနွေးခဲ့ပြီး ကြံခင်းမြို့မှ (စာရေးဆရာဦးစက်ဖေ)ကလည်း အခန်းကဏ္ဍတစ်ခုချင်းစီအလိုက် ဆွေးနွေးပေးခဲ့သည်။
ထိုနောက် တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက စာရေးဆရာချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်မှ ရေးသားထားသည့် အခန်းကဏ္ဍများမှ မိမိတို့၏ သဘောထား အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)