ငွေဆောင် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းနှင့် ဝန်ထမ်းများ က မြို့မစျေး အတွင်း ဖွင့်လှစ်ရောင်းချနေမှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား သိရှိစေရန် စျေးအတွင်း လှည့်လည် စစ်ဆေးခဲ့ကြသည်။
အဆိုပါအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စျေးသို့ လာရောက်သည့် အခါတိုင်းစျေး အဝင်ရှိ လက်ဆေး ကန်များတွင် စနစ်တကျ လက်ဆေးကြရန်၊ နှာခေါင်း စည်းများတပ်ဆင်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်ကြရန်နှင့် လူစုလူဝေး ရှောင်ကြရန် အသိပညာပေး နှိုးဆော်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)