ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအား ငွေကြေးထောက်ပံ့ပေး

ဆမီး   ဒီဇင်ဘာ       ၁၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ချင်းအမျိုးသားအစည်းအရုံးမှ ထောက်ပံ့ပေးအပ်တာဖြစ်ပြီး အသက်(၅၅)နှစ် အထက်(၈၇၈)ဦး၊ ၁ နှစ်အောက် နို့တိုက်မိခင်(၁၉၁)ဦးနှင့် မသန်စွမ်းသူ(၁၆၉) ဦး စုစုပေါင်း(၁၄၂၀)ဦးတို့အတွက် တစ်ဦးလျှင် ၃၅,၀၀ဝိ/−နှုန်းဖြင့် စုစုပေါင်း(၄၉,၇၀၀,၀၀ဝိ/−) တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုက်ပွဲရှောင်အရေးနဲ့ လာတဲ့သူများနှင့် ဒေသခံပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများသည်လည်း တိုက်ပွဲရှောင်များနည်းတူ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အိမ်မှာနေထိုင်ရပြီး နယ်မြေဒေသ အခြေအနေကြောင့် ရသင့်ရထိုက်သော သီးနှံနှင့်စပါးများ ဆုံးရှုံးနေရမှုများ ကြောင့် အခုလိုထောက်ပံ့ပေးအပ်တာဖြစ်ကြောင်း ဆမီးတိုက်ပွဲရှောင်ဘဏ္ဍာရေးနှင့် ဖြန့်ဝေရေး ကော်မတီဥက္ကဋ္ဌ ဦးပြေဆုက ပြောကြားခဲ့သည်။

လဲ့လဲ့ခိုင် (ဆမီး)