ကြံခင်း ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်သည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် လိုင်စင် ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ထိန်းချုပ်နိုင်ရန် မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask တပ်ဆင်ရောင်းချနေမ ရှိ/မရှိနှင့် ဈေးဝယ် လာပြည်သူများ ဈေးပေါက်ဝတွင် လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တစ်ကျ ဆေးကြောရန် ဗီနိုင်းကပ်ပြီး အသိပညာပေးထားခြင်းနှင့် လက်ဆေးဘေစင် ထားရှိပေးခြင်း၊ လုပ်ငန်းလိုင်စင် ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ရောင်းချမှုများ စစ်ဆေးခြင်းနှင့် ကြံခင်းမြို့တွင် (A)အဆင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆိုင်(၂၁)ဆိုင်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)