ညောင်ဦးမြို့နယ်တွင် အိန္ဒိယငရုတ်မျိုးစိုက် တောင်သူများ အဆင်ပြေ

ညောင်ဦး ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့် အိန္ဒိယငရုတ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုတ်သီးစိမ်း တစ်ပိဿာ တစ်ထောင်နှစ်ရာကျပ်ဖြင့် ရောင်းချရခြင်းကြောင့် အိန္ဒိယငရုတ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုတ်စိုက်တောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ အထက်ဉာဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စု များသည် မြစ်ရေတင်ဖြင့်လည်းကောင်း၊ မြေအောက်ရေတူးဖော်၍လည်းကောင်း သီးနှံ အမျိုးမျိုးစိုက်ပျိုးကြရာ သီးနှံပေါ်ချိန် ဈေးနှုန်းကောင်းနိုင်သည့် သီးနှံများရွေးချယ်စိုက်ပျိုးကြရာ ယခုနှစ်တွင် အိန္ဒိယငရုတ်မျိုးဖြစ်သည့် မျှားနီတံဆိပ်ငရုတ်မျိုးနှင့် အိန္ဒိယပက်လက် ငရုတ်မျိုးများ တောင်သူအများစု စိုက်ပျိုးကြကြောင်းသိရသည်။ တော်သလင်းလ၊ သီတင်းကျွတ်လတွင် ငရုတ်မျိုးများအားပျိုးထောင်ကြကာ ပျိုးထောင်ပြီး ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းထဲသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ငရုတ်မျိုးစေ့ ပျိုးထောင်ရာတွင် အိတ် တစ်အိတ်မျိုးစေ့ (ပျိုး) တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ  အိန္ဒိယမျှားနီငရုတ်မျိုးတစ်ထုပ်လျှင် မျိုးစေ့ တစ်ထောင်စေ့ပါကြောင်း ငါးထောင်ကျပ်ပေးရကာ အိန္ဒိယပက်လက်ငရုတ်မျိုး တစ်ထုပ် လျှင် တစ်ထောင်ကျပ်ပေးရကာ မျိုးစေ့လေးရာခန့်ပါကြောင်းသိရပြီး ယာထဲ၊ ကိုင်းကျွန်းထဲ ရွေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်းချ ရကြောင်း သိရသည်။ ခုစိုက်ပျိုးထားတဲမျိုးကို မိုးထောင်မျိုးလို့လည်းခေါ်သေးကြောင်း (အရပ်အခေါ်) သိရသည်။ မြစ်ရေတင် ငရုတ်စိုက်တောင်သူများနှင့် မြေအောက်ရေတူးဖော်ကာ စိုက်ပျိုးသည့် ငရုတ်မျိုးသည် အပြွတ်လိုက်သီးကာ မိုးပေါ်ထောင်သီးနေကြောင်း သီးတာကတော့ အတော်ကြီးသီးကြောင်း ငရုတ်သီးအမှည့်ဈေးကတော့ ဘယ်ဈေးဆိုတာ မသိရသေးကြောင်း ငရုတ်နောက် ပိုင်းသီးအားမျိုးသီးအဖြစ် အမှည့်ထားကြသော်လည်း ဒုတိယမျိုးဆက် အသီးသေး ငယ်ကာ ပထမမျိုး ဆက်စိုက်သလောက် အသီးမသီးသောကြောင့် ငရုတ်သီးမှည့်မျိုးမယူကြဘဲ အမှည့်သာဆွတ်ခူးပြီး ရောင်းချကြကြောင်း၊ လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာမှ ငရုတ် စိုက်တောင်သူ ဦးဝင်းတင်က ရှင်းပြသည်။

အဆိုပါ ငရုတ်စိုက်တောင်သူများသည် ငရုတ်သီးများ လှိုင်လှိုင်သီးချိန် နတ်တော်လပြည့်ကျော်မှ တပေါင်းလ၊ တန်ခူးလထိ ငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ် ကျယ် သလို ငရုတ်အထွက်များကြောင်းသိရကာ ငရုတ်သီးခူး သမတစ်ဦးလျှင် တစ်နေကုန် သုံးထောင် ကျပ်ပေးငှားရကြောင်းနှင့် ထွက်ရှိလာသည့် ငရုတ်သီးများအား ပခုက္ကူဈေးကွက်၊ မြင်းခြံ ဈေးကွက်နှင့် ညောင်ဦး ဈေးသို့သွားရောက်ရောင်းချခြင်းနှင့် ငရုတ်သီးပွဲစားများရွာထိ လာရောက် ဝယ်ယူကြကြောင်း ငရုတ်သီး တစ်ပိဿာ တစ်ထောင်ဈေးအောက် မကျရောက်နိုင်ကြောင်း၊ အတက်ဈေးသာ ရှိနိုင်ကြောင်းနှင့် ငရုတ်စိုက်တောင်သူများ လိုချင်သည့် ဈေးနှုန်းရရှိခြင်းကြောင့် ငရုတ်စိုက်ပျိုးတောင်သူများ အဆင်ပြေနေကြကြောင်း ဦးကျော်ဟန်ဦးထံက သိရသည်။

ကိုထိန်၊KPD