မောက်မယ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့်စိုက်ပျိုးသည့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်လုပ် ငန်းများတွင် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်တွင် ပဲတီစိမ်းသီးနှံ (ရေဆင်း−၁၁) မျိုးကို မြေဧက(၄၀)တွင် စိုက်ပျိုးခဲ့ရာ သီးနှံများဖြစ်ထွန်းအောင်မြင်ကြောင်း သိရသည်။
ယခင်နှစ်တွင်ပဲတီစိမ်း ၁ပိဿာလျင် ၈၀ဝိ/−ကျပ်နှုန်းသာရရှိပြီး ယခုနှစ်တွင် ၁ပိဿာ ၂၀၀ဝိ/− ကျပ်နှုန်းရရှိသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ စျေးကောင်းရရှိပြီး ဝင်ငွေတိုးသဖြင့် အဆင်ပြေလျက်ရှိကြောင်း မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ တောင်သူ ဦးစိုင်းကျော်၏ ပြောကြားချက်အရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)