ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၁၆

တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည့် ယမန်နေ့ညနေ(၆)နာရီ အချိန်က နေရပ်ပြန် ပြည်သူ (၁၀) ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၀)ဦးတို့မှာ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၈)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်မှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှ (၁)ဦး၊ မတ္တရာမြို့နယ်မှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ (၁)ဦး၊ အုတ်တွင်းမြို့နယ်မှ (၁)ဦး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ (၁)ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ (၁)ဦး၊ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်မှ (၁)ဦးနှင့် မူဆယ်မြို့နယ်မှ (၁)ဦးတို့ ဖြစ်သည်။

ထိုသို့ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊  အမှတ်(၂) ရပ်ကွက်၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ထားရှိကာ ချင်းရွှေဟော်မြို့၊  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့်   ဓါတ်ခွဲနမူနာ Swab များရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့   ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)