အိမ်မဲ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာနများမှ ကျေးရွာများတွင် လူဦးရေစာရင်းကောက်ယူမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်နှင့် ဝန်ထမ်းများက အင်းတမိသက္ကယ် ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ကြို့ကုန်းကျေးလက် ကျန်းမာရေးဌာန၊ ရွာသစ်ကျေးလက် ကျန်းမာရေးဌာန တို့အား ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြီးကြပ်စစ်ဆေးခြင်း၊ လူဦးရေစာရင်း ကောက်ယူနေမှု အခြေအနေများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် TB Mobile Clinic လုပ်ငန်းအတွက် လူနာစာရင်းပြုစုထားရှိမှု အခြေအနေများအား ကြီးကြပ်စစ်ဆေးပြီး လိုအပ်သည်များကို ဌာနတာဝန်ခံများအား လမ်းညွှန်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူလူထုအတွင်းသို့ ကွင်းဆင်း၍ လူဦးရေစာရင်း ကောက်ယူနေမှုများနှင့် ကိုယ်ဝန်ဆောင် နှင့်ငါးနှစ်အောက် ကလေးများအတွက် ကျန်းမာရေးဌာနမှ ပေးအပ်ထားသည့် မှတ်တမ်းများအား အိမ်တိုင်ယာရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)