ဝမ်​အောင်း-ချိကွဲ့-​စောင်း​လော့ လမ်း​ပေါ်ရှိ ပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဖား​ဆောင်း ဒီဇင်ဘာ ၁၆

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဝမ်​အောင်း-​ချိကွဲ့-စောင်း​လော့ လမ်း​ပေါ်ရှိပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား ယမန်​နေ့ ည​နေ(၅)နာရီအချိန်က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့်​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် ကယားပြည်နယ်အစိုးရ အဖွဲ့၊ နယ်စပ်​ဒေသနှင့်ဖွံ့ဖြိုး​ရေး (ပြည်နယ်)ရန်ပုံ​ငွေ ခန့်မှန်းတန်ဘိုးကျပ်(၁၄၀၀)သန်းဖြင့် ​ဆောက်လုပ်​ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်​ဆောက်​ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူတည်​ဆောက်​နေသည့် တံတားအရှည်(၄၀၀)​ပေ၊ အကျယ်(၁၈)​ပေရှိ သံကူကွန်ကရစ်တံတာ၊ ချဉ်းကပ်လမ်းမ ကြီး ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်းအ​ပေါ် မျက်နှာပြင်လွှာခင်းခြင်း လုပ်ငန်း များ ​ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုခဲ့ရာ တံတားအထူးအဖွဲ့(၆)မှ တာဝန်ရှိသူက လုပ်ငန်း​ဆောင်ရွက်​နေမှု အ​ခြေအ​နေများ ရှင်းလင်း​ပြောကြားပြသခဲ့​သည်။

ယင်း​နောက် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်နှင့်အဖွဲ့က လုပ်ငန်းများ သတ်မှတ်ကာလတွင်း စံချိန်စံ​ညွှန်း၊ သတ်မှတ်ချက်နှင့်အညီ​ ဆောင်ရွက်​ရေး၊ ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်သည့် အ​နေဖြင့် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းများကို ​လိုက်နာဆောင်ရွက်​ရေးမှာကြားခဲ့​ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)