ခိုင်ကမ်း ဒီဇင်ဘာ ၁၆
ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့လျှပ်စစ်ဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk show ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Talk Show တွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါ်ဝုန်လွန်းညောင်က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့လျှပ်စစ်တာဝန် ဦးဒိုလျန်းခိုင်မှ လျှပ်စစ် စီးဆင်းမှု၊ မြို့အတွင်း လျှပ်စစ်ပေးဝေမှုနှင့် လျှပ်စစ်အသုံးပြုသူအများစု အိမ်ထောင်ရှင် အမျိုးသမီးများ အများဆုံး ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်လိုက်ခြင်း၊ ရုံးဌာနများတွင် အများဆုံးကြုံတွေ့နေကြရသည့် လျှပ်စစ်အန္တရာယ်၊ ကလေးသူငယ်များတွင် ကြုံတွေ့ရသည့် မိဘများသတိမမူမိသည့် လျှပ်စစ်အန္တရာယ်များ အကြောင်းကိုဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)