တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေး

တနိုင်း  ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္တတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယမန်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ဖြန့်ဝေပေးခဲ့ကြသည်။

WFP(World Food Programme)မှ ထောက်ပံ့ပေးသော အာဟာရမုန့်များကို kg တန်းမှ စတုတ္တတန်းအထိ ကျောင်းသား၊ ကျောင်းသူ(၆၆၈)ဦးအား လစဉ်လတိုင်း ဖြန့်ဝေပေး လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ မုန့်များအား အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ kgတန်းမှ စတုတ္ထတန်းအထိ အတန်းပိုင် မူလတန်းပြ ဆရာမများက တာဝန်ယူဖြန့်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျောင်းများ ပိတ်ထားသည့်အတွက် အဆိုပါမုန့်များအား သက်ဆိုင်ရာ ကျောင်းသားမိဘများအား ဖြန့်ဝေပေးမည့်ရက်ကို ကြိုတင်အကြောင်းကြား၍ ဖြန့်ဝေပေးလျက်ရှိကြောင်း အထက-၂ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်လှိုင်ထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)