ဟားခါးမြို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁) ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါး  ဒီဇင်ဘာ  ၁၆

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသူ အမျိုးသား(၁)ဦးမှာ ရန်ကုန်မှ ဝင်ရောက်လာကာ လမ်းအထူး(၁၀)တွင် (QC)လုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ပြီး ဟားခါးမြို့(GTI) Facility Quarantine ဝင်ရောက်နေသူဖြစ်ကြောင်း နှင့် အမျိုးသမီး(၁)ဦးမှာ ချင်းပြည်နယ် တီးတိန်မြို့သို့ အလည် ခရီးသွားရောက်၍ ပြန်လာကာ Centre တည်းခိုခန်းတွင် Facility Quarantine ဝင်ရောက်နေသူဖြစ်ကြောင်း သိရှိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသွားများအား Swab နမူနာစစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်၍ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရောဂါပိုး တွေ့ရှိသူ(၂)ဦး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ရောဂါပိုးတွေ့ရှိ၍ ဆေးကုသခံယူ ကျန်ရှိသူ စုစုပေါင်း(၁၃)ဦးအထိ ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)