ဆွမ်ပရာဘွမ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ်  ဒီဇင်ဘာ  ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အင်ဆိုင်း ယန်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်မည့်မြေနေရာနှင့် စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်မည့် နေရာတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်နေပြည်သူများ၏ သောက်သုံးရေအဆင်ပြေစွာ ရရှိနိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် လာစေရန် လယ်ယာသားငါးထုတ်ကုန်များ အဆင်ပြေချောမွေ့စွာ နှင့်ကုန်ကျစရိတ် သက်သာစွာဈေးကွက်သို့ အလျင်တင်သွင်း နိုင်ရေးစေရန် ရည်ရွယ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်ထောင်ကျေးရွာ၊ ခါ့ကရန်းယန်ကျေးရွာ၊ ဆူယန်ကျေးရွာ၊ ဖုန်ကျန်းကျေးရွာ၊ အင်ဆိုင်းယန် ကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ခင်ဒူယန်အုပ်စု အင်ဆိုင်းယန်ကျေးရွာတွင် ကုန်ထုတ်လမ်း (၉၅၀၀)ပေနှင့် (၁၀၀)ပေ ရေကျော်နှစ်ခုအား (၈၁.၇)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုဋေ(ပြန်/ဆက်)