နမ္မတူ ဒီဇင်ဘာ ၁၆
ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)မှ နမ္မတူမြို့နယ်၌ ဒီဇင်ဘာလ (၁၀)ရက်နေ့က နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ မိုင်းစင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူ (၄)ဦးအား ယမန်နေ့ညနေ (၅)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) ကိုယ်စား နမ္မတူမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာမှ မိုင်းစင်ဒဏ်ရာရရှိသူ အမျိုးသမီး (၃) ဦး၊ အမျိုးသား (၁) ဦး၊ စုစုပေါင်း (၄)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် (၁၅၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၀၀၀၀၀/-)အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)