ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပင်လောင်း  ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးရှေ့ လမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ  ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်စေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး (ပင်လောင်း)