နောင်ချိုဟိုတယ်မှ မွေးနေ့အလှူအဖြစ် Quarantine Centre နှင့် Positive Centre များသို့ အလှူငွေနှင့်ထမင်းဘူးများလှူဒါန်း

နောင်ချို ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် နောင်ချိုဟိုတယ်  ဦးပြုံးကိုကို+ ဒေါ်နန်းလောဝ်ဟိန်းတို့၏ သားငယ် မောင်အာကာမင်းထက်၏ မွေးနေ့အလှူအဖြစ် Quarantine  Centre နှင့် Positive Centre များသို့ အလှူငွေနှင့် ထမင်းဘူးများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် အလှူရှင်မိသားစုမှ နောင်ချိုမြို့ Quarantine  Centre နှင့် Positive Centre အတွက်ပဲထမင်းဘူး(၁၅၀)ဘူးနှင့်အထက(၁) Quarantine  Centre၌ လိုအပ်သောကာကွယ်ရေးပစ္စည်းများ ကူညီထောက်ပံ့နိုင်ရေးအတွက် အလှူငွေကျပ်(၂)သိန်းတို့ကို လှူဒါန်းခဲ့ရာ စေတနာမွန် လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးနေဦးသာနှင့် Quarantine  Centre မှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

နောင်ချိုမြို့နယ်သည် ရှမ်းပြည်နယ်၏ အဝင်တံခါးမြို့ဖြစ်ပြီး မြို့အဝင်ခြေမြစ်ပင်စစ်ဆေးရေး ဂိတ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးမှုများ ဆောင်ရွက်ရာတွင် ရောဂါပိုးတွေ့ရှိသူများကို နောင်ချိုမြို့Positive Centre ၌ထားရှိကုသပေးပြီး ၊ ပိုးတွေ့သူနှင့်ထိတွေ့သူများကိုလည်း Quarantine Centre များတွင် ထားရှိ၍ လိုအပ်သလိုဆေးစစ်ဆေးမှုကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Centre များ၏ လိုအပ်မှုများအပေါ် အလှူရှင်များမှ တတ်စွမ်းသမျှ ဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)