နမ့်စန်(တ) ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား/သူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ သဘာပတိဦးကျော်ရင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်း က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်ဆယ်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်း၊ မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သားသမီး ၅ ဘာသာဂုဏ်ထူးရှင် (၁)ဦး ၊ ၁ဘာသာဂုဏ်ထူးရှင်(၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂)ဦး စုစုပေါင်း၆ ဦးကို ရိုးရိုးအောင် (၁၅၀၀၀ ကျပ်) ၊ ဂုဏ်ထူး ၁ ဘာသာလျှင် (၅၀၀၀ ကျပ်)နှုန်းဖြင့် စုစုပေါင်း ဂုဏ်ပြုငွေ (၁၃၀၀၀၀) ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားအပြီးတွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်အသစ်များ ရွေးချယ်ပွဲကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)