မိုင်းခတ်မြို့၌ အမျိုးသမီးရေးရာအဖွဲ့ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး ဒုတိယနှစ်ဝက် ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

မိုင်းခတ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့၌ အမျိုးသမီးရေးရာအဖွဲ့ ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး ဒုတိယနှစ်ဝက် ဆန်းစစ်ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးတီဘီတာဝန်ခံ ဆရာမ ဒေါ်နန်းဝိုးစံ က တီဘီရောဂါ သိကြောင်းစရာများအကြောင်း၊ တီဘီသံသယလူနာ ရှာဖွေစာရင်းသွင်းခြင်းအကြောင်း၊ ဆေးတိုက်ကျွေးခြင်းအကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရုသ်ရှန်က တီဘီရောဂါ လချုပ်စာရင်းအချိန်မှန်ပို့ရန်၊ ကြီးကြပ်နှင့် ဆက်သွယ်ဆောင်ရွက်ရန် မှာကြားဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)