မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေများလှူဒါန်း

မိုင်းယောင်း ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများကို ယနေ့တွင် လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ကားမဲလ်အသင်းတော်မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ ၃၅၀၀၀၀/-(ကျပ်သုံးသိန်းငါးသောင်း)ကို ထည့်ဝင်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင် များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က ကျေးဇူးတင်စကားပြောကြားကာ အလှူရှင်အား အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)