မိုးနဲမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာသုံးဦး ဆေးရုံဆင်းခွင့်ရရှိ

မိုးနဲ   ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဆေးဝါးကုသမှုခံယူပြီးနောက် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့် က ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံဆင်းခွင့်ရသူများအား မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မီဟန် က ဆေးရုံဆင်းခွင့်ရသူ သုံးဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း နေထိုင်ရေး တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုပေးခဲ့ပြီး ယမန်နေ့တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦးကို ဆေးရုံမှဆင်းခွင့် ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါဆေးရုံဆင်းခွင့်ရသူများသည် ကျန်းမာရေးကောင်းမွန်ကြကာ     Facility Quarantine ခုနှစ်ရက်နှင့်    Home Quarantine ခုနစ်ရက် ဆက်လက်နေကြရမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)