လင်းခေးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လင်းခေး  ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာန မှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၇နာရီအချိန် က လင်းခေးမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ/ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေးလက်ကမ်းစာစောင်များအား လင်းခေးမြို့၊ ရွာမကြီး အနောက်ရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် တစ်အိမ်တက်ဆင်း သွားရောက်ပေးခြင်း၊ သွားလာလှုပ်ရှား လူစည်ကားရာနေရာများ၌ အဆိုပါအကြောင်းအရာများဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ လှည့်လည် ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)