ပုဗ္ဗသီရိမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

ပုဗ္ဗသီရိ ဒီဇင်ဘာ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေး အန္တရာယ်ကင်းဝေးစေရန်အတွက် အသိပညာ ပေးခြင်းနှင့် တရားမဝင်စက်သုံးဆီဆိုင်များ ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးညီညီဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်စိုးနှင့် တာဝန်ရှိသူ များက နေအိမ်များအတွင်း လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ လှေကားများထာရှိမှု ရှိ/မရှိနှင့် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် တရားမဝင်စက်သုံးဆီဆိုင်များ ရောင်းချမှုမရှိ စေရန် လိုက်လံစစ်ဆေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း၌ စက်သုံးဆီရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေသည့် စက်သုံးဆီဆိုင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)