ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ရွာသစ် ဒီဇင်ဘာ ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိ လိုက်နာရမည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဝမ်လွဲ့ ကျေးရွာ၊ လွယ်ဝိုင်းကျေးရွာတို့တွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မင်းမင်းအေးနှင့် ဝန်ထမ်းများက အများပြည်သူ အလွယ်တကူ သိရှိရမည့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အလေးထားလိုက်နာ နေထိုင်စေရေးနှင့် ရာသီဉတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို အဆိုပါနေရာများ၌ ကျန်းမာရေးဦးစီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ အသိပညာပေးလုပ်ငန်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)