တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းတွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာယူ

တန့်ယန်း  ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦးနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသန်းထိုက်တို့က ကြီးကြပ်ကာ ကန့်သတ်စောင့်ကြည့်ထားသူ (၄၁)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ဖတ်များအား မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများက ရယူပြီး မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။                                                        

မင်းလွင်ဦး(ပြန်/ဆက်)