ချင်းရွှေဟော် ဒီဇင်ဘာ ၁၆
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၂၅)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဆရာဝန်ဒေါက်တာ သီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ပထမအကြိမ် Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်းနှင့် (၁၀)ရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)